မြန်မာနိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းနိုင်မှုများရှိနေပြီး လေပြင်းနှင့် မိုးကြိုးအန္တရာယ် သတိပြုရန်လို

(မိုး/ဇလ) မေ ၂ ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ လွန်ခဲ့သော (၂၄) နာရီအတွင်း မန္တလေးတိုင်းဒေသကြီး၊…

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လျှပ်စစ်ဓာတ်အားပြဿနာများ ကွင်းဆင်းဖြေရှင်းဆောင်ရွက်

(ပြည်တွင်း) မေ ၂ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားအသုံးပြုမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။…

ဝါးခယ်မမြို့တွင် စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂ ဧရာဝတီတိုင်းဒေသ၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မီးလောင်သည့် နေရာသို့…

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်လောင်းကစားတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်နေပြီး ရှမ်းပြည်နယ်တွင် တရုတ်နိုင်ငံသား ၄၃ ဦး ဖမ်းဆီးခံရ

(ပြည်တွင်း) မေ ၂ မြန်မာနိုင်ငံအစိုးရက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် တင်းကြပ်စွာတိုက်ဖျက်နေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း…

မင်္ဂလာဒုံမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာ အမျိုးသား ၁ဦးသေဆုံး

(မှုခင်း) မေ ၂ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယနေ့နံနက်၆နာရီ၂၇မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့်…

အမေရိကန်ပြည်သူ ၆၁ ရာခိုင်နှုန်းက အီရန်ကို တိုက်ခိုက်ခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်ကြောင်း စစ်တမ်းအရ သိရ

(နိုင်ငံတကာ)မေ ၂      ​​အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ဂယက်ရိုက်ခတ်နေပြီး အမေရိကန်ပြည်တွင်း၌လည်း လူနေမှုစရိတ် မြင့်မားလာမှုအပေါ် စိုးရိမ်မှုများ တိုးပွားလာနေစဉ်၊ အီရန်အပေါ် စစ်ရေးအရ အရေးယူခဲ့သည့် ဆုံးဖြတ်ချက်မှာ မှားယွင်းကြောင်း…

အီးယူနှင့် တောင်အမေရိက Mercosur အုပ်စုကြား ကုန်သွယ်ရေးသဘောတူညီချက် ယာယီစတင်သက်ရောက်

(နိုင်ငံတကာ)မေ ၂      ​​ဥရောပသမဂ္ဂ (EU) နှင့် တောင်အမေရိက၏ Mercosur အုပ်စု (ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေးနှင့် ပါရာဂွေး) တို့အကြား ၂၅ နှစ်ကြာ…

အီရန်စစ်ပွဲကြောင့် အမေရိကန်နှင့် ဥရောပ ဆက်ဆံရေး တင်းမာလာ – ဥရောပရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန် ထရန့် ခြိမ်းခြောက်

(နိုင်ငံတကာ)မေ ၂      ​​အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်စစ်ပွဲအပေါ် ၎င်း၏ ကိုင်တွယ်ပုံကို ဝေဖန်နေကြသည့် ဥရောပနိုင်ငံများနှင့် တင်းမာမှုများ မြင့်တက်လာစဉ်အတွင်း ဂျာမနီ၊ အီတလီနှင့် စပိန်နိုင်ငံတို့တွင် တပ်စွဲထားသော…

အီရန်စစ်ပွဲ အဆုံးသတ်မည့်အရိပ်အယောင် မရှိခြင်းနှင့်အတူ ရေနံစျေးနှုန်းများ ထပ်မံမြင့်တက်လာ

(နိုင်ငံတကာ)မေ ၁      ​​အမေရိကန်-အီရန်စစ်ပွဲကို ဖြေရှင်းရန် ကြိုးပမ်းမှုများမှာ ရှေ့မတိုးသာသည့် အခြေအနေတွင် ရှိနေပြီး နှစ်ဖက်စလုံးက ပင်လယ်ရေကြောင်း ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ တစ်ကျော့ပြန် စံချိန်တင်…

မြောင်းမြမြို့တွင် အိမ်ဆောက်ပစ္စည်းဂိုထောင် မီးလောင်မှုဖြစ်ပွား၊ ကျပ် (၂၉.၈) သိန်းခန့် ဆုံးရှုံး

(ပြည်တွင်း) မေ ၁ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အမှတ်(၁)ရပ်ကွက် အောင်ဆန်းလမ်းမကြီးရှိ “ထွန်းထောက်” အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး ဂိုထောင်တစ်ခုတွင် ယနေ့ နံနက် ၄ နာရီခန့်က မီးလောင်မှု…