(မှုခင်း) မေ ၂
ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့တွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဆွဲကြိုးချ သေဆုံးနေမှုရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
ချောင်းသာမြို့ ကံကြီးကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာအနီးရှိ သစ်တောကြိုးဝိုင်းအတွင်းကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အစပ်တွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများမှ မေ ၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် နယ်မြေရဲစခန်း(ချောင်းသာ)မှ တာဝန်ရှိသူများသွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အခင်းဖြစ်တဲပေါ်တွင် အမျိုးသမီးတစ်ဦးမှာထုတ်တန်းတွင် ကြိုးဖြင့် လည်ပင်းပြတ်ရှ ဒဏ်ရာ(၁)ချက်နှင့် တွေ့ရှိရပြီး ကလေးငယ်(၁)ဦးမှာ လည်ပင်းပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် ၎င်း၏ရှေ့တွင် လဲကျသေဆုံးနေကြောင်း တွေ့ရှိရသည်။
ကလေးငယ်တစ်ဦးကိုလည်း လည်ပင်းဒဏ်ရာဖြင့် အမျိုးသမီး၏ရှေ့တွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အမျိုးသမီး၏ သားအကြီးတွင်လည်ပင်းပြတ်ရှဒဏ်ရာရရှိထားသည့်အတွက် ချောင်းသာတိုက်နယ်ဆေးရုံ သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စုံစမ်းသိရှိချက်များအရ သေဆုံးသူအမျိုးသမီးမှာ အသက် ၂၇ နှစ်ရှိ ဒေသခံတစ်ဦးဖြစ်ပြီး၊ သေဆုံးသူကလေးငယ်မှာ အသက် ၁ နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးရသည့် အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိပြီး ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနဦး သိရှိရသည်။

#PAN