ရွှေပြည်သာမြို့နယ်တွင် ထင်းမီးဖိုဖြင့် ထမင်းအိုတည်ရာ မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့မွန်းလွဲ၂နာရီ၄၁မိနစ်အချိန်က အိမ်ရှင် ဒေါ်စန်းစန်းတို (ဘ)ဦးအုန်းလှိုင် ပိုင်ဆိုင်သော (၁၅×၃၅)ပေ သွပ်မိုးထရံကာ တစ်ထပ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၅)စီး ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ရှိပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၂နာရီ၄၈မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်တွင် ထင်းမီးဖိုဖြင့် ထမင်းအိုတည်ရာတွင် အနီးရှိ ထရံအား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် လူနေအိမ် ၃လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်း၊ မီးပေါ့ဆစွာသုံးဆွဲသူ ဒေါ်စန်းစန်းတိုးအား ရွှေပြည်သာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN