တောင်သာမြို့နယ်တွင် ကျောင်းထိုင်ဆရာတော် ၁ ပါးအား PDFအကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်

(မှုခင်း) မေ ၂

မန္တလေးတိုင်းဒေသကြီး ၊ တောင်သာမြို့နယ် ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်PDFအဖွဲ့မှသတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က အကြမ်းဖက်PDFအဖွဲ့မှ ချောင်းပေါက်ကျေးရွာရှိ မဟာဝါဠုကာရာမ ကျောင်းတိုက်သို့ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဉူးစန္ဒာဝရ ​သက်တော် ၄၈နှစ်၊ ဝါတော် ၂၈ ဝါ အားကျောင်းဝန်းအပြင်ဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အကြမ်းဖက်PDFအဖွဲ့၏ သတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ် မှ ၂၀၂၄ ခုနှစ်အတွင်း ရဝန်းသံဃာ ၉၃ ပါးရှိခဲ့ပြီးဖမ်းဆီး၊ပျောက်ဆုံးနေသည့် ရဟန်းသံဃာ ၄၅ ပါးရှိခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

#PAN