(မှုခင်း) မေ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ(၁)၊ ငုဝါလမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်၊ နံနက် ၁၁ နာရီခန့်က တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ နယ်မြေ(၁)၊ ငုဝါလမ်းမပေါ်တွင် တောင်ကြီးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် ပူးပေါင်းအဖွဲ့သည် လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးအားတွေ့ရှိ၍ ရပ်တန့်စစ်ဆေးနေစရာ သန်းသန်းဝင်း(ခ) အူဝဲ ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်း၏ ယာဘက်လက်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြား၊ အလေးချိန် ၉၀ ဂရမ်ခန့်အားတွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သန်းသန်းဝင်း (ခ) အူဝဲ အား ရွှေညောင် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN