တာချီလိတ်တွင် ဆိုင်ကယ်သူခိုး ၃ ဦးနှင့် အတူ ခိုးရာပါ ဆိုင်ကယ် ၈ စီးအား ဖမ်းဆီးရမိ

(မှုခင်း) မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး ၃ ဦး နှင့်အတူ ခိုးရာပါ ဆိုင်ကယ် ၈ စီးတို့အား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းကာ တာချီလိတ် မြို့ပေါ် ရပ်ကွက်များအတွင်း ဆိုင်ကယ်ခိုးမှုများစွာ ဖြစ်ပွားနေသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ အာကာ ၊ကျော်ကျော် (ခ) ကောက်ကွေး နှင့် ခန့်သူရလင်း (ခ) အငယ်ကောင် တို့ ၃ ဦးအား ဆိုင်ကယ်စီးလာစဥ် မသင်္ကာဖွယ်တွေ့ရှိ၍ စီစစ်မေးမြန်းရာမှ Thai နိုင်ငံထုတ် Honda အမျိုးအစား၊ ဆိုင်ကယ် ၃ စီး နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ စစ်ဆေးချက်အရ ၄င်းတို့ ခိုးယူခဲ့သော နောက်ထပ် ဆိုင်ကယ် ၅ စီး တို့အား ထပ်မံ သိမ်းဆည်းရမိသဖြင့် ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ စုစုပေါင်း (၈) စီး တို့အား ဖော်ထုတ် ဖမ်းဆီး သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်များခိုးယူခဲ့သူ ၃ ဦးတို့အား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး ကွင်းဆက် ခိုးရာပါ ဆိုင်ကယ်များအား ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိရာ ဆိုင်ကယ်ပျောက်ဆုံးထားသူ များအား ရှာဖွေ၍ ပိုင်ရှင်များထံပြန်လည်အပ်နှံနိုင်ရေး စိစဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN