(မှုခင်း) မေ ၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၃၆/၅-၆)တွင် လမ်းဖြတ်ကူးလာသည့် ကျွဲလှည်းအား ခရီးသည်ယာဥ်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်၁နာရီ ကျော်အချိန်တွင် ယာဉ်မောင်းပါ ကျား(၁၂)ဦး၊ မ (၁၀)ဦးလိုက်ပါလာသောYGN-44/ 9M-3974 Scania ရွှေမန္တလေးခရီးသည်တင်ယာဉ်သည် ရန်ကုန်မှ နေပြည်တော်(အသွားလမ်း)အတိုင်းမောင်းနှင်လာစဉ် မိုင်တိုင်အမှတ်(၁၃၆/၅-၆)ကြားအရောက်တွင် လမ်းလယ်ကျွန်းကိုဖြတ်၍ အနောက်မှအရှေ့သို့ ဖြတ်ကူးလာသော ကျွဲလှည်းအားဝင်ရောက်တိုက်မိခဲ့သည်။
အဆိုပါယာဥ်တိုက်မှုကြောင့်ကျွဲနှစ် ကောင် သေဆုံး၍ လှည်းမောင်းနှင်သူမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ခရီးသည်တင်ယာဥ် ပေါ်ပါ ခရီးသည်များမှာ ထိခိုက်မှုမရှိကြောင်း သိရပါသည်။
အမြန်လမ်းမကြီးများ ဥပဒေအရ အမြန်လမ်းပေါ်တွင်လမ်းလျှောက်သူ/လမ်းဖြတ်ကူးသူ/မော်တော်ဆိုင်ကယ်/စက်ဘီး/ထော်လာဂျီ/သုံးဘီးယာဉ်များ ကျွဲ/နွားလှည်းများမှာသွားလာ ခွင့်မရှိကြောင်းနှင့် အမြန်လမ်းပေါ်၌အဆိုပါ လူ/ယာဉ်/လှည်းများကြောင့် မတော်တဆမှု ဖြစ်ပွားပါက အဆိုပါယာဉ်/လှည်း မောင်းနှင်သူ/လမ်းလျှောက်သူသာအရေးယူခံရမည်ဖြစ်ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

#PAN