မုဒုံမြို့နယ်တွင် ညနေပိုင်းအတွင်း သေနတ်ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွား၊ ရဲတပ်သားတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၈ မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်မှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း…

မန္တလေးမြို့ TTC အဆောက်အအုံပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၇ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် TTC အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အမျိုးသား ၅ ဦး ပိမိခဲ့ပြီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း…

ဘုရားကြီးမြို့အနီး ကုန်တင်ယာဉ်နောက်တွဲကို ဗင်ကားဝင်တိုက်မိ၍ ယာဉ်မောင်းသေဆုံး၊ နှစ်ဦးဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၇ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်တွင် လမ်းဘေး၌ ရပ်တန့်ထားသည့် ကုန်တင်ယာဉ်နောက်တွဲကို ခြောက်ဘီးဗင်ကားတစ်စီးက ဝင်ရောက်တိုက်မိခဲ့ရာ ဗင်ကားမောင်းသူ သေဆုံးပြီး နှစ်ဦး…

သံဖြူဇရပ်-မုဒုံကားလမ်းတွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တိမ်းမှောက်၊ တစ်ဦးဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၁၆ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-မုဒုံကားလမ်းမပေါ်ရှိ ညောင်ကုန်းကျေးရွာအနီးတွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုသည်…

အောင်မင်္ဂလာယာဉ်ရပ်နားဝင်းအတွင်း အသက် ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦး သေဆုံးလျက်တွေ့ရှိ

(မှုခင်း) နိုဝင်ဘာ ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်ရှိ အောင်မင်္ဂလာယာဉ်ရပ်နားဝင်းအတွင်း အသက် ၃၀ ခန့်အရွယ် အမည်မသိအမျိုးသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅…

ကလေးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်၊ ရွှေဆွဲကြိုးနှင့် ဖုန်း လုယက်မှုဖြစ်ပွား

(မှုခင်း) နိုဝင်ဘာ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အိတ်စွပ်ရွာနှင့် ပျဉ်းခုံလေးရွာကြားရှိ လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးကာ ဆိုင်ကယ်၊ ရွှေဆွဲကြိုးနှင့် လက်ကိုင်ဖုန်းတို့ လုယက်သွားသည့်ဖြစ်စဉ် နိုဝင်ဘာ ၁၁…

တောင်ကြီးတွင် Honda Fit ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံး၊ မိခင်နှင့်အဒေါ်ဖြစ်သူတို့ ထိခိုက်မှုမရှိ

(မှုခင်း) နိုဝင်ဘာ ၁၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့်…

စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းခြောက်လွှာမှ သက်ကြီးအမျိုးသမီး ပြုတ်ကျသေဆုံး

(မှုခင်း) နိုဝင်ဘာ ၁၅ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ တိုက်ခန်းခြောက်လွှာမှ သက်ကြီးအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်က…

ကျိုက်ထိုဘူတာတွင် ရထားပေါ်တက်စဉ် ပြုတ်ကျခဲ့သည့် သက်ကြီးအမျိုးသမီး ရထားကြိတ်ခံရကာ သေဆုံး

(မှုခင်း) နိုဝင်ဘာ ၁၅ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှ ကျိုက်ထိုဘူတာတွင် သက်ကြီးအမျိုးသမီးတစ်ဦး ရထားပေါ်သို့ တက်စဉ် ပြုတ်ကျခဲ့ရာ ရထားကြိတ်ခံရပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။…

ဥပဒေဆိုင်ရာ အထောက်အကူအကြံပေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးထံမှ ရွှေဆွဲကြိုးလုယူခဲ့သူနှစ်ဦးကို CCTV မှတ်တမ်းများမှတစ်ဆင့် ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၅ ဥပဒေဆိုင်ရာ အထောက်အကူအကြံပေးရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သက်သက်ဝင်းထံမှ ရွှေဆွဲကြိုးလုယူထွက်ပြေးခဲ့သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း…