(မှုခင်း) နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်-မုဒုံကားလမ်းမပေါ်ရှိ ညောင်ကုန်းကျေးရွာအနီးတွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုသည် ယနေ့ နိုဝင်ဘာ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သံဖြူဇရပ်မြို့ဘက်မှ မောင်းနှင်လာသည့် ကုန်တင်ယာဉ်သည် ညောင်ကုန်းကျေးရွာအနီးတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယာဉ်ပေါ်ပါသူတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် ရွှေဟင်္သာလူမှုကူညီရေးအသင်းက မုဒုံမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
တိမ်းမှောက်ခဲ့သည့် ကုန်တင်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများ တင်ဆောင်လာသည်ကို တွေ့ရှိရကြောင်းလည်း ဒေသခံများက ပြောဆိုထားသည်။

Telegram – t.me/positiveanglenews
#PAN