(မှုခင်း) နိုဝင်ဘာ ၁၇
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် TTC အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာ အမျိုးသား ၅ ဦး ပိမိခဲ့ပြီး တစ်ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မဏီစလ လူမှုကယ်ဆယ်ရေးအသင်း၏ မှတ်တမ်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ TTC အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံပြိုကျမှုကြောင့် အမျိုးသား ၅ ဦး အပေါ်သို့ ပိမိခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိကာ တစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မဏီစလ လူမှုကယ်ဆယ်ရေးအသင်းက မှတ်တမ်းတင်ထုတ်ပြန်ထားသည်။

Telegram – t.me/positiveanglenews
#PAN