(မှုခင်း) နိုဝင်ဘာ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ရန်ကုန်-မော်လမြိုင် ရထားလမ်းပေါ်မှ ကျိုက်ထိုဘူတာတွင် သက်ကြီးအမျိုးသမီးတစ်ဦး ရထားပေါ်သို့ တက်စဉ် ပြုတ်ကျခဲ့ရာ ရထားကြိတ်ခံရပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျိုက်ထိုဘူတာမှ ရန်ကုန်မြို့သို့ ထွက်ခွာရန် ပြင်ဆင်နေသည့် ရထားပေါ်သို့ မြေးဖြစ်သူကို ဘူတာလျှောက်လမ်းပေါ်မှ တင်ပေးပြီး အဖွားဖြစ်သူကပါ ရထားပေါ်သို့ လိုက်တက်စဉ် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရထားလမ်းပေါ်သို့ ပြုတ်ကျခဲ့သည့် အမျိုးသမီးမှာ ဘယ်ဘက်ခြေထောက်တစ်ဖက်အပါအဝင် ရထားကြိတ်မိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN