(မှုခင်း) နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းရှိ တိုက်ခန်းခြောက်လွှာမှ သက်ကြီးအမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးမှု ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။
သေဆုံးသူမှာ စိတ်ကျန်းမာရေးအခြေအနေ မကောင်းမွန်သူ အမျိုးသမီးတစ်ဦးဖြစ်ပြီး တိုက်ခန်းခြောက်လွှာမှ ပြုတ်ကျခဲ့ရာ အခင်းဖြစ်ပွားသည့်နေရာ၌ပင် သေဆုံးခဲ့ကြောင်း အဆိုပါပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို လိုအပ်သည့် စစ်ဆေးမှုများနှင့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အနာဂတ်အလင်းတန်း ပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN