တောင်ကြီးမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ၃နာရီ၄၅မိနစ် အချိန်ကမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တောင်ကြီးမြို့နယ်၊ ပန်းစုံကျေးရွာအနီးတွင် ဩဘာတ(ခ)စိုင်းဩဘာတ မောင်းနှင်လာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွဆေးပြား ၁၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိတရားခံ ဩဘာတ(ခ)စိုင်းဩဘာတ(၄၁)နှစ်အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN