ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်

(မှုခင်း) စက်တင်ဘာ ၇

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၃၀/၆ နှင့် ၃၀/၅ ကြား၊ နေပြည်တော်မှ ရန်ကုန်ဘက်သို့ သွားလာသည့် အပြန်လမ်းတွင် ယာဉ်မတော်တဆမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ိချိန်ခန့်တွင် အမျိုးသမီးတစ်ဦးတည်း မောင်းနှင်လာသည့် အဖြူရောင် SUZUKI CIAZ ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ ချောက်အတွင်းသို့ ရောက်ရှိကာ တိမ်းမှောက်ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဥ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ လမ်း​အ​ကွေ့များတွင် ဂရုပြု​မောင်းရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ 90 km/hr၊ လူစီးယာဥ်ငယ်များမှာ 100 km/hr ၊ ကုန်တင်ယာဥ်+ပစ်ကပ်ယာဥ်များ မှာ 60km/hr နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန် သတိပေးအပ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN