မြန်မာနိုင်ငံ စာတတ်မြောက်မှုနှုန်း ၉၂ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးတက်လာ၊ ကျန်ရှိနေသည့် စာမတတ်သူများ လျှော့ချရေး အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကြိုးပမ်းရန် သမ္မတတိုက်တွန်း

(ပညာရေး) စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် Naypyitaw State Academy ၏…

စစ်တွေမြို့ထဲ အစိုးရရုံးနဲ့ ဝန်ကြီးအိမ်ရာအနီး အပါအ၀င်နေရာ ၅ ခုလက်နက်ကြီး ကျရောက်ပေါက်ကွဲ

(ပြည်တွင်း) စက်တင်ဘာ ၈ လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ပြင်းထန်တဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ ထို့အတူ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာလည်း တိုက်ပွဲတွေ အပြန်အလှန်…

ရန်ကုန်တွင် ယနေ့နံနက်နှင့် မွန်းလွဲပိုင်းအတွင်း နေအိမ်နှင့် ကား မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၈ ရက်နေ့တွင် နေအိမ်နှင့် ကားမီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ ယနေ့ နံနက်…

သန်လျင်ရေနံချက်စက်ရုံ Phase I စက်တင်ဘာလကုန်တွင် စတင်လည်ပတ်နိုင်ရန် လျာထား၊ တစ်နှစ် ရေနံစိမ်းတန်ချိန် ၅ သိန်းအထိ ချက်လုပ်နိုင်မည်

(စီးပွားရေး) စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ရှိ သန်လျင်ရေနံချက်စက်ရုံ စီမံကိန်း၏ Phase I ကို ယခုစက်တင်ဘာလကုန်တွင် အဆင့်ဆင့် စတင်လည်ပတ်ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က…

ဓာတ်အားခိုးယူသုံးစွဲမှု ၉၅ ဦး ဖော်ထုတ်အရေးယူ၊ SKY MAN သံရည်ကျိုလုပ်ငန်းထံ ကျပ် ၁၇.၁၈၄ ဘီလီယံ လျော်ကြေးတောင်းခံ

(စီးပွားရေး) စက်တင်ဘာ ၈ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်း တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ စုစုပေါင်း ၉၅ ဦးကို…

သိန္နီတွင် MNDAA ထိန်းချုပ်ဧရိယာရှိ ယမ်းထုတ်လုပ်ရေးနေရာ ပေါက်ကွဲ၊ လူ ၁၅ ဦးခန့် ထိခိုက်သေဆုံးဟု ဒေသခံများပြော

(ပြည်တွင်း) စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ ကိုးကန့်လက်နက်ကိုင် (MNDAA) ထိန်းချုပ်ထားသည့် မန်မိုင်ရွာအထက် ကုန်းပေါ်ရှိ ယမ်းထုတ်လုပ်ရေးနေရာတစ်ခုတွင် ယနေ့ စက်တင်ဘာ ၈ ရက် နံနက်…

ဝေါမြို့နယ် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် အထကကျောင်းသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် ကွင်းဆင်းကြည့်ရှု

(လွှတ်တော်) စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် မြစ်ကျိုးအခြေခံပညာအထက်တန်းကျောင်း (အထက) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၊…

Anak Krakatau မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ် ၅ ခု ပြန်ဖွင့်သော်လည်း လေကြောင်းခရီးစဉ်များ ထပ်မံနှောင့်ယှက်ခံရနိုင်

(နိုင်ငံတကာ) စက်တင်ဘာ ၈ အင်ဒိုနီးရှားနိုင်ငံသည် Anak Krakatau မီးတောင်မှ ထွက်ရှိလာသည့် မီးတောင်ပြာများကြောင့် ပိတ်ထားခဲ့ရသည့် ဂျကာတာမြို့ရှိ အဓိကလေဆိပ်နှင့် အခြားလေဆိပ် ၄ ခုကို စက်တင်ဘာလ…

မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းက ဓာတ်အားခိုးယူသုံးစွဲမှု ဖော်ထုတ်အရေးယူ

(မှုခင်း) စက်တင်ဘာ ၈ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ SKY MAN သံရည်ကျိုလုပ်ငန်းတွင် မီတာအား ပြုပြင်၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားမှုအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က…

လူနာတင်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံး၊ တနင်္သာရီတွင် ပရဟိတနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အခက်တွေ့နေ

(မှုခင်း) စက်တင်ဘာ ၈ တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့မှ သင်္ဂဟမိတ္တ နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်တစ်စီးသည် လူနာပို့ဆောင်ပြီး ပြန်လာစဉ် လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုခံရကာ ယာဉ်ပေါ်ပါသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ…