KNLA တပ်မဟာ ၆ ကော်ဘရာစစ်ကြောင်းက တပ်ခွဲမှူးဦးစီးတဲ့ KNLAနဲ့ PDF ၅၂ ဦး အလင်းဝင်

(ပြည်တွင်း) အောက်တိုဘာ ၂၃

KNLA တပ်မဟာ ၆ ကော်ဘရာစစ်ကြောင်းက တပ်ခွဲမှူးဦးစီးတဲ့ KNLA နဲ့ PDF ၅၂ ဦးဟာ ဒီနေ့ အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလင်းဝင်လာတယ်လို့ စစ်ရေးအရင်းအမြစ်တွေထံက သိရပါတယ်။

KNLA တပ်မဟာ ၆ ရဲ့ ကော်ဘရာစစ်ကြောင်းက တပ်ခွဲမှူး ဘယ်သူ ဘယ်ဝါ ဆိုတာမသိရပေမယ့် သူနဲ့အတူ KNLA အဖွဲ့ဝင် ကျား ၂၄ ဦး၊ မ ၁ ဦး၊ PDF အဖွဲ့က ကျား ၂၃ ဦး၊ မ ၄ ဦး စုစုပေါင်းကျား ၄၇ ဦး၊ မ ၅ ဦး ပေါင်း ၅၂ ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

သူတို့ဟာ လက်နက် ၂၃ လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ကျည်အိမ် ၁၀ ခု၊ကျည် ၂၀၇ တောင့်၊ နင်းမိုင်း ၁ လုံး၊ စကားပြောစက် ၈ လုံးနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေကပြောဆိုထားပြီး အလင်းဝင်ရောက်လာသူတွေကို ဆုကြေးငွေတွေပေးအပ်ခဲ့သလို မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်အပ်နှံခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ အခင်းအကျင်းပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံကို KNU နဲ့ KNLA တပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်ခဲ့တာရှိခဲ့ပေမယ့် စစ်ကြောင်းတစ်ခုရဲ့ တပ်ခွဲမှူးအဆင့်အလင်းဝင်တာက မကြားဖူးသလောက်ပဲလို့ ဒေသခံတစ်ဦးက ပြောဆိုထားပြီး အခုလို အမြင်မှန်ရတဲ့အပေါ် ကြိုဆိုတယ်လို့လည်း ပြောဆိုထားပါတယ်။

#PAN