(ပြည်တွင်း) အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီဝန်းကျင်က ဒရုန်းဖြင့် Drop Bomb ချတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဖြစ်စဉ်သည် စစ်တွေမြို့၊ မင်းဘာကြီးလမ်းရှိ ရွှေငါးစတိုးဆိုင်အနီး လမ်းဆုံနှင့် ကသစ်တောရပ်ကွက်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။သတင်းရင်းမြစ်၏ ဖော်ပြချက်အရ ဖြစ်စဉ်ကြောင့် လူ ၁၈ ဦး ထိခိုက်ခဲ့ပြီး ၂ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်နေရာ၌ PVC ပိုက်အစများကို တွေ့ရှိရပြီး ပစ္စည်းများ၏ အမျိုးအစားများမှာ အကြမ်းဖက်သောင်းကြမ်းသူ AA များ၏ Drop Bomb ဖြစ်ကြောင်း ဒေသခံများမှအတည်ပြုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရက္ခိုင့်တပ်တော် (AA) က လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောဆိုထားပြီး ဒရုန်းဝင်ရောက်လာသည့် လမ်းကြောင်းမှာ သဲခုံဘက်မှ ဖြစ်နိုင်ကြောင်းလည်း အဆိုပါရင်းမြစ်က ပြောဆိုထားသည်။
ထိုတိုက်ခိုက်မှုကြောင့် ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့် အချို့က တပ်မတော်က လုပ်ဆောင်ခဲ့သကဲ့သို့ ဝါဒဖြန့်ချိနေကြောင်းလည်း သတင်းရင်းမြစ်က ပြောဆိုထားသည်။
သတင်းရင်းမြစ် — ပေးပို့ထားသည့် သတင်းအချက်အလက်။ ဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို သီးခြားအတည်ပြုရန် လိုအပ်သည်။

Telegram – t.me/positiveanglenews
#PAN