(နိုင်ငံရေး) အောက်တိုဘာ ၂၃
မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ကို မှတ်ပုံတင်အမှတ် (၂) ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်စွဲပါ ကြေညာချက်အမှတ် (၇/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းပါတီက ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်စွဲပါ စာအမှတ် ၂၊ မပတ(ပဖ)၊ ဌနခ၊ မပဒ ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးရန် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အတူ တင်ပြခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါတင်ပြချက်နှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၆) ၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၀ (က) နှင့်အညီ MPD ပါတီ၏ မှတ်ပုံတင်ခွင့်ကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် MPD ဥက္ကဋ္ဌ ဦးဌေးကျော် တင်ပြခဲ့သည့် မူဝါဒမိန့်ခွန်းအရ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများအပြီး နိုင်ငံရေးအခြေအနေများကို လေ့လာသုံးသပ်ကာ နိုင်ငံတည်ဆောက်ရေးနှင့် ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ခြင်းကြောင်း ပြောဆိုဖူးခဲ့သည်။

Telegram – t.me/positiveanglenews
#PAN