
(မှုခင်း) မေ ၁၈
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ယမန်နေ့ မေ ၁၇ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ကျောက်သဲကျင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး ကျောက်သဲတူးဖော်နေသူ အမျိုးသား ၃ ဦး ပိတ်မိနေကြောင်း သိရသည်။
ထိုကျောက်သဲကျင်းပြိုကျသည့်နေရာသို့ ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား(၂)ဦး(သေဆုံး)နှင့် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား ပင်းတယပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။