(ပြည်တွင်း) အောက်တိုဘာ ၂၃

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် ရုပ်သံအစီအစဉ်နဲ့ ဖျော်ဖြေရေးအကြောင်းအရာတွေ ထုတ်လုပ်တဲ့ GMMTV Company Limited က ရိုက်ကူးတဲ့ Scarlet Heart Thailand ဇာတ်လမ်းတွဲထဲမှာ ရခိုင်တိုင်းရင်းသားတို့ရဲ့ ရိုးရာဆီမီးခွက်အကတွေ ရတနာပုံခေတ်ရဲ့ နန်းတွင်းဝတ်စားဆင်ယင်မှုတွေ၊ ထိုင်းနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုအဖြစ်ဖော်ပြရိုက်ကူးထားတာကြောင့် ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး လူမှုကွန်ယက်တွေမှာ ကန့်ကွက်မှုတွေ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဒီကန့်ကွက် ဝေဖန်မှုတွေဟာ Facebook စာမျက်နှာထက် လွတ်လွတ်လပ်လပ်သုံးလို့ရနေတဲ့ TikTok စာမျက်နှာတွေမှာ နိုင်သားတွေရဲ့ ကန့်ကွက်ပြောဆိုမှုတွေ အများအပြားရှိနေသလို နိုင်ငံကျော် သရုပ်ဆောင်တွေကအစ ပြောဆိုလာကြပါတယ်။

နိုင်ငံကျော်သရုပ်ဆောင် ခင်ဝင့်ဝါ၊ အလင်းရောင်နဲ့ သရုပ်ဆောင်တော်တော်များများဟာ “Myanmar’s cultural heritage is the heart of its people. Please respect Myanmar’s culture. GMMTV ACCOUNTABILITY” လို့ ပြောဆိုထားကြပါတယ်။

GMMTV အနေနဲ့ ဒါကိုချက်ချင်းဖြေရှင်းပေးဖို့နဲ့တောင်းဆိုနေကြသလို မြန့်မာရိုးရာယဉ်ကျေးမှုဆိုင်ရာ အငြင်းပွားမှုတွေဖြစ်နိုင်လို့ အစိုးရနှစ်ရပ်အကြား အချင်းချင်း တုန့်ပြန်ဖြေရှင်းပေးဖို့လည်း တောင်းဆိုမှုတွေ ရှိလာနေပါတယ်။
ဇာတ်လမ်းတွဲကို ထုတ်လုပ်သူတွေနဲ့ ထုတ်လွှင့်သူတွေဟာ မူရင်းယဉ်ကျေးမှုအပေါ် ဒီနေ့အချိန်အထိ သင့်လျော်တဲ့ လေးစားမှုကို မပြသသေးတဲ့အပြင် ဒီကိစ္စကိုလည်း သင့်တော်တဲ့ တုံ့ပြြန်ဖြေရှင်းတာတော့မရှိသေးပါဘူး။
PAN အနေနဲ့လည်း ယဉ်ကျေးမှု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို မေးခွန်းမေးမြန်းထားပါတယ်။

Telegram – t.me/positiveanglenews
#PAN