ရန်ကုန်မြို့တွင် အင်အား အသင့်တင့်ရှိ ငလျင်တခုလှုပ်ခတ်

(မိုး/ဇလ) မေ ၁၈

ရန်ကုန်တိုငိးဒေသကြီး ၊ ကျောက်တန်းမြို့အနီးတွင် အင်အား အသင့်တင့်ရှိ ငလျင်တခုလှုပ်ခတ်သွားကြောင်း
မိုးလေဝသနှငိ့ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားငြောင်း သိရသည်။

မေလ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက်၈ နာရီ၊ ၃၅ မိနစ်၊ ၂၆စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၂၇) မိုင်ခန့်ကွာဝေး သော မြန်မာနိုင်ငံပြည်တွင်း (ကျောက်တန်းမြို့နယ်၏ တောင်ဘက် (၉) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၆.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၃၄) ဒီဂရီ၊ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၅.၂(M) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုအား ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် သိသာစွာခံစားကြရပြီးတချို့ အဆောက်အဦးအတွင်းရှိပြည်သူများ၊ သင်တန်းခန်းမအတွင်းရှိိ သင်တန်းတက်ဆရာ/ဆရာမများသည် အပြင်ထွက်ပြေးရကြောင်း သိရသည်။