(ပြည်တွင်း) မတ် ၂၅
ရန်ကုန်–ဒလ သွားလာရေး ပိုမိုလွယ်ကူစေရန် YBS လိုင်းများ တိုးချဲ့ပြေးဆွဲမှု စတင်နေပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ထံကရရှိတဲ့သတင်းအရ ယခင် စမ်းသပ်ပြေးဆွဲခဲ့သည့် YBS ၅၈ နှင့် YBS ၇၂ ယာဉ်လိုင်းများကို အခြေခံ၍ လမ်းကြောင်းတိုးချဲ့ပြေးဆွဲမှုကို ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။
စမ်းသပ်ကာလအတွင်း ဒလမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းရှေ့တွင် ယာယီဂိတ်တစ်ခု ထားရှိကာ ဒလ–ဆူးလေ နှင့် ဒလ–ဗိုလ်တထောင် ခရီးစဉ်များကို ပြေးဆွဲပေးခဲ့ရာ ဒေသခံပြည်သူများအတွက် သွားလာရေး ပိုမိုအဆင်ပြေခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လမ်းကြောင်းများကို ထပ်မံတိုးချဲ့ထားပြီး ဒလ–တွံတေး ကားလမ်းမဘေးရှိ ကျန်စစ်သားရပ်ကွက် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအနီးရှိ စက်သုံးဆီအရောင်းဆိုင် မျက်နှာချင်းဆိုင်နေရာတွင် ဂိတ်များ ထပ်မံတိုးချဲ့ထားကာ ဒလ–ဆူးလေ နှင့် ဒလ–ဗိုလ်တထောင် ခရီးစဉ်များကို ဆက်လက်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ယခုလို YBS လိုင်းများ တိုးချဲ့ပြေးဆွဲခြင်းကြောင့် ဒလဒေသနှင့် ရန်ကုန်မြို့ကြား ခရီးသွားလာမှု ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း သိရသည်။
#PAN