လျင်မြန်စွာ ကယ်ဆယ်နိုင်မှု ကြောင့် ယာဉ်တိုက်မှုအတွင်း ညပ်နေသူအား အသက်ရှင်ခဲ့

(မှုခင်း) မတ်၂၅

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာနယ်မြေ၊ အောင်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်တွင် ယမန်‌နေ့ မတ် ၂၄ ရက်၊ ညပိုင်း ၇ နာရီ ၅၀ မိနစ်ခန့်တွင်ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အရ ရှေ့သွားနေသည့်ဆီဘောက်ဆာယာဉ်အား Light Truck ယာဉ်က နောက်မှဝင်တိုက်မိခဲ့ကြောင်းသိရသည်။အဆိုပါယာဉ်မတော်တဆမှုကြောင့် Light Truck ယာဉ်မောင်း အမျိုးသားတစ်ဦး ယာဉ်အတွင်း ညပ်မိနေကြောင်း သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်နှင့် အေလာနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးဖြင့် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရသည်။

ညပိုင်း ၈ နာရီ ၃၃ မိနစ်တွင် အဆိုပါအမျိုးသားအား အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။