(ပြည်တွင်း) မတ် ၂၅
စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများကို စနစ်တကျထိန်းချုပ်နိုင်ရန် အစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်အဆင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတနှင့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လက်ရှိကမ္ဘာ့အခြေအနေများကြောင့် စက်သုံးဆီရှားပါးမှုသည် နိုင်ငံများစွာတွင် ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ထိုအခက်အခဲကို ကျော်လွှားနိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီဈေးနှုန်းများနှင့် ရရှိမှုများ ထိခိုက်နေပြီး ယင်းအကျိုးသက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း ခံစားနေရကြောင်း သိရသည်။
အစိုးရမှ စက်သုံးဆီသုံးစွဲမှုကို ထိန်းချုပ်ရန်အတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို စုံ/မ အလှည့်ကျစနစ်ဖြင့် ဆီဖြည့်ခွင့်ပေးခြင်း၊ QR Code စနစ်ဖြင့် ဆီဖြည့်ခြင်း၊ အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် အစိုးရရုံးများ Work From Home ဆောင်ရွက်ခြင်းတို့ဖြစ် ဆီသုံးစွဲမှု လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်။

ထို့ပြင် ပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရန် မီးရထားများ တိုးချဲ့ပြေးဆွဲခြင်း အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်လည်ပတ်နိုင်ရေးတို့ကို စဥ်းစား ဆောင်ရွက်သွားရန် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့်ခရီးသွာလာမှုများအဆင်ပြေချောမွေ့စေရေး တတ်နိုင်သမျှဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်သွားကြစေ လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
မကြာမီ ကျင်းပမည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင် ယခင်နှစ်က သဘာဝဘေးအန္တရာယ်များကြောင့် ကန့်သတ်ကျင်းပခဲ့ရသကဲ့သို့ ယခုနှစ်တွင်လည်း စက်သုံးဆီအခက်အခဲကြောင့် သင်္ကြန်ပွဲတော်ကျင်းပမှုကို အကြပ်အတည်း မဖြစ်ပေါ်စေလိုကြောင်းလည်း ယာယီသမ္မတကပြောပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများ၏ ကြာချိန်ကို မခန့်မှန်းနိုင်သေးသည့်အတွက် စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချကာ ပြည်သူများအတွက် သယ်ယူပို့ဆောင်ရေးအဆင်ပြေမှုကို အဓိကထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၏ပြောကြားချက်တွင်ပါရှိသည်။
#PAN