(ပြည်တွင်း) ဇူလိုင် ၁၃

တပ်မတော်စစ်ကြောင်းများအနေဖြင့် မိုးဗြဲမြို့အား သိမ်းပိုက်ရရှိပြီးသည့်နောက် မိုးဗြဲမြို့နှင့် လွိင်ကော်မြို့အကြား ကျန်ရှိနေသည့် ၄ ဒသမ ၅ ကီလိုမီတာရှိ ဆက်သွယ်ရေး လမ်းပိုင်းအပါအဝင် ၎င်းကားလမ်းအား မြေအနေအထားအရ စိုးမိုးထားသည့် ဝါရီကောခူနှင့် ဆောင်ကန်း(ကယား)ကျေးရွာ ၂ ရွာတိုအား ဇူလိုင်လ ၇ ရက်နေ့မှစတင်၍ တပ်မတော်စစ်ကြောင်းများက နှစ်ဖက်ညှပ်လျက် အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်မှုကို ဆက်လက်ပြုလုပ်ရာ တိုက်ပွဲကြီး ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါကျန်ရှိသည့် လမ်းပိုင်း ၄ ဒသမ ၅ ကီလိုမီတာအား ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြီးတိုင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၇ ရက်မှ ၁၁ ရက်အတွင်း ထိတွေ့မှုဖြစ်စဉ်တွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ ၃ ဦး သေဆုံးခဲ့ပြီး ရန်သူ့ထံမှ လက်နက်ငယ်မျိုးစုံ ၁၅ လက်နှင့် ဆက်သွယ်ရေးနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိပြီး မိမိအရာရှိ၊ စစ်သည်အချိုကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိင်ကော်ဆက်သွယ်ရေးလမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သဖြင့် လွိင်ကော်မြို့မှ ပြည်သူများအနေဖြင့် ဟိုပုံး၊ တောင်ကြီးမြို့နှင့် အောင်ပန်း၊ ကလောမြို့များမှတစ်ဆင့် နေရာဒေသအနှံသို့နှစ်သက်ရာ၊ သင့်ရာဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် သွားလာနိုင်ကြပြီဖြစ်ကာ လွိင်ကော်မြို့သို့ ကုန်စည်စီးဝင်၊ စီးထွက်မှုများမှာလည်း ပိုမိုလွယ်ကူလျင်မြန်ခြင်းမှတစ်ဆင့် လွိင်ကော်မြို့နှင့် လက်ရှိစစ်ဘေးဒဏ်သင့် မြို့ရွာများရှိ ဒေသခံပြည်သူလူထုများ၏ အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ ခက်ခဲ၊ ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့မှလည်း အထိုက်အလျောက် သက်သာစေမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိဖြစ်ရမှုတိုကိုလည်း ကြားသိရပါကြောင်းနှင့် မြဝတီရုပ်မြင်သံကြားအဖွဲသူ၊ အဖွဲ့သားအားလုံးမှ တိုက်ပွဲဝင်တပ်မတော်သား အရာရှိ၊ အကြပ်၊ စစ်သည်များအား လေးစားစွာဖြင့် ဂုဏ်ပြုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Telegram»…
https://t.me/positiveanglenews