မင်းတို့ရဲ့ ဒုက္ခဟာ ငါ့တို့ရဲ့ဒုက္ခပဲလို့ ဦးခင်ရီ လူငယ်ပါတီဝင်သစ်တွေကိုပြော

(ပြည်တွင်း) ဇူလိုင် ၁၃

မင်းတို့ရဲ့ ဒုက္ခဟာ ငါ့တို့ရဲ့ ဒုက္ခပဲလို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက လူငယ်ပါတီဝင်တွေကိုပြောဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်၊ မင်္ဂလာဒုံ ​မှော်ဘီနဲ့လှည်းကူးမြို့နယ်တွေက လူငယ်ပါတီဝင်သစ် ၃၈၇၅ ဦး ပါတီဝင်အဆိုပြုလွှာပေးအပ်တဲ့ပွဲမှာ ဦးခင်ရီက ပြောဆိုလိုက်တာပါ။

“ဒီနေ့ သူတို့ပြောစကားကိုနားထောင်ကြည့်ရင် အရေးကြုံလာတိုင်း ပြည်သူရှေ့မှာ ပြည်ခိုင်ဖြိုးပါတီကမားမားမတ်မတ်ရပ်တည်ပေးနေတာကိုသူ​တို့တွေ့တယ်။ သူတို့အရေးကြုံလာရင် သူတို့အားကိုးရနိုင်မယ်လို့ယုံကြည်တာကြောင့် သူတို့ဝင်လာတယ်လို့ ဒီလိုပြောတယ်။ ပါတီက ပြည်သူရဲ့အကျိုးစီးပွားအမျိုးသားအကျိုးစီးပွာကိုတကယ်လုပ်ဆောင်နေတာကို သူတို့မြင်လို့ သူတို့ဝင်ရောက်လာကြတာ လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကပြောပါတယ်။

ရန်ကုန်မြို့က MCC ခန်းမမှာ ပြည်ခိုင်ဖြိုးပါတီက ဒီနေ့မနက်ပိုင်းပြုလုပ်တဲ့ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကို နိုင်ငံရေးပါတီတစ်ချို့က ဥက္ကဋ္ဌတွေနဲ့ခေါင်းဆောင်ပိုင်းတွေလည်းတက်ရောက်လာကြတာတွေ့ရပါတယ်။

နစက က လာမယ့်ဒီဇင်ဘာအကုန်နဲ့ ဇန်နဝါရီအစမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတာကြောင့် အစိုးရဖွဲ့နိုင်တဲ့ အင်အားကြီးပါတီပြည်ခိုင်ဖြိုးက လှုပ်ရှားမှုတွေပြုလုပ်လာတာလည်း တွေ့နေရပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ ဇူလိုင် ၁၂ ရက်နေ့ကလည်း ပဲခူးမြို့မှာ ပါတီဝင် ၂၀၀၀ ကျော်နဲ့တွေ့ဆုံခဲ့တယ်လို့ ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

Telegram – https://t.me/positiveanglenews.com

PAN