လှိုင်သာယာ(အရှေ့ပိုင်း)တွင် ယာဥ်တိုက်မှုဖြစ်ပွားအမျိုးသား ၄ဦးဒဏ်ရာရ

(မှုခင်း)အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းတွင် အောက်တိုဘာ ၂၈ရက် နံနက်၅နာရီ၅၄မိနစ်အချိန်က ယာဉ် ၁စီး ဓာတ်တိုင်ဝင်တိုက်ပြီး လူညပ်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်နေရာသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရွှေရောင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN