သီတင်းကျွတ်အားလပ်ရက်တွင် ငွေဆောင်ကမ်းခြေ ခရီးသွားဧည့်သည်များဖြင့် စည်ကား

(ပြည်တွင်း) အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရီးသွားဒေသရှိ ငွေဆောင်ကမ်းခြေတွင် သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ဒေသအသီးသီးမှ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လာရောက်လည်ပတ်သူများသည် သဲသောင်ပြင်တွင် အနားယူခြင်း၊ ပင်လယ်ရေကူးခြင်း၊ မြင်းစီးခြင်းတို့အပြင် စပိဘုတ်နှင့် ငှက်ပျောလှေများစီးကာ ချစ်သူများကျွန်းနှင့် ကျောက်မောင်နှမစသည့် နေရာများသို့ သွားရောက်လည်ပတ်ကြသည်။

ကမ်းခြေတစ်ဝိုက်ရှိ ပင်လယ်စာစားသောက်ဆိုင်များနှင့် ဒေသထွက်လက်ဆောင်ပစ္စည်းဆိုင်များတွင်လည်း ဝယ်ယူစားသောက်သူများဖြင့် စည်ကားနေပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ခရီးသွားများ အဆင်ပြေစွာ အပန်းဖြေနိုင်ရေး၊ ကမ်းခြေသန့်ရှင်းသာယာရေးနှင့် သဘာဝဂေဟစနစ် ထိန်းသိမ်းရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ဟိုတယ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN