(ပြည်တွင်း) အောက်တိုဘာ ၂၈
မြန်မာနိုင်ငံမှ လုပ်သား ၇၇၉ ဦးကို တောင်ကိုရီးယားနိုင်ငံရှိ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လုပ်ကိုင်နိုင်ရန် ဩဂုတ်လမှ အောက်တိုဘာလအထိ သုံးလအတွင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်သားများကို စုစုပေါင်း ၁၀ ကြိမ်ခွဲ၍ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လတွင် ၂၈၃ ဦး၊ စက်တင်ဘာလတွင် ၂၂၃ ဦးနှင့် အောက်တိုဘာလတွင် ၂၇၃ ဦး ပါဝင်သည်။
တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ကျန်းမာရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကို ဂရုပြုရန်၊ နှစ်နိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်အကူအညီတောင်းခံရန် မှာကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN