(ပြည်တွင်း) စက်တင်ဘာ ၈
လက်ရှိ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အနှံ့အပြားမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား ပြင်းထန်တဲ့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေပါတယ်။
ထို့အတူ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ် အစပ်မှာလည်း တိုက်ပွဲတွေ အပြန်အလှန် ပြင်းထန်နေကြတာဖြစ်ပြီး စစ်တွေမြို့ပြင်ပက AA လက်နက်ကိုင်အဖွဲ့ဟာ စစ်တွေမြို့တွင်းမှာ တပ်မတော်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေဖြစ်ပွားနေစဥ်အတွင်း စက်တင်ဘာလ ၈ ရက်နေ့ ဒီကနေ့ မွန်းတည့်ပိုင်းက စစ်တွေမြို့ထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး နေရာ ၅ ခုမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒီကနေ့ မွန်းတည့် ၁၂ နာရီခန့်က စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်က ရခိုင်ပြည်နယ် အစိုးရရုံးကို လက်နက်ကြီးတွေနဲ့ မြို့ပြင်က ပစ်ခတ်ခဲ့ပါတယ်။
ထိုပစ်ခတ်မှုဟာ ပြည်နယ်အစိုးရရုံးကို မထိမှန်ခဲ့ဘဲ အစိုးရရုံးအရှေ့ဘက်က အထက ၄ ကျောင်းဝင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စာသင်ကျောင်းဆောင် မှန်ပြတင်းအချို့ ပျက်စီးမှုရှိခဲ့သလို ကျောင်းသားကလေးတွေ စာသင်ကြားနေချိန်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စာဆက်လင်မသင်ကြားဘဲ ကလေးငယ်တွေကို မိမိတို့နေအိမ်ကို ပြန်လွှတ်လိုက်ရတယ်လို့ သိရပါတယ်။
အထက ၄ ကျရောက်ပေါက်ကွဲခဲ့ပြီး ခဏကြာ မွန်းလွဲပိုင်းမှာတော့ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်အတွင်းမှာရှိတဲ့ ဝနိကြီးများအိမ်ယာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်ခဲ့ပါသေးတယ်။
ထိုပစ်ခတ်မှုဟာလည်း ဝန်ကြီးတွေ နေထိုင်တဲ့ အိမ်ယာအတွင်းကို မကျရောက်ဘဲ လူနေရပ်ကွက်အတွင်းကိုသာ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက PAN ကို ပြောပါတယ်။
ဒါ့အပြင် ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ပြည်နယ်အစိုးရရုံးဧည့်ဂေဟာကိုလည်း လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်ခဲ့ပးပေမယ့် အစိုးရဧည့်ဂေဟာနဲ့ မလှမ်းမကမ်းမှာရှိနဲ့ လှခိုင်ဆရာတော်ကျောင်းလို့ ဒေသခံတွေ ခေါ်ဝေါ်တဲ့ ဗုဒ္ဓေါမော် ဘုန်းကြီးကျောင်းတိုက်အနီးကို ကျရောက်ပေါက်ကွဲခဲ့တယ်။
အဲဒီနောက် ကျောင်းကြီးလမ်းရပ်ကွက်မှာရှိနဲ့ ရခိူင်ပြည်နယ်အထွေထွေအုပ်ချုပ်းရေး ဦးစီးဌာနရုံးကိုလည်း လက်နက်ကြီးတွေနဲ့ ထွေအုပ်ရုံးရဲ့ အနောက်ဘက်မှာ ဆောက်လုပ်ထားတဲ့ ထွေအုပ်ဝန်ထမ်းအိမ်ယာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒီပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီးနောက် AA က ပစ်ခတ်တာဖြစ်ကြောင်း ထောက်ပြမှုတွေရှိသလို စစ်တပ်က AA ကို အပြစ်ဖုံချချင်လို့ ၎င်းတို့ကိုယ်တိုင် ပစ်ခတ်ပြီး AA ကို စွပ်စွဲတာဖြစ်ကြောင်းလည်း အပြန်အလှန် စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ သက်ဆိုင်တဲ့နေရာတွေပါပဲ။ အထက ဆိုတာ ပြည်နယ်အစိုးရရုံးနားလေ။ နေက်တစ်ခုက အနောက်စံပြဆိုတာ ဝန်ကြီးများအိမ်ယာရှိတဲ့ရပ်ကွက်လေ။ ကျတာကလည်း အဲဒိအိမ်ယာအနီးအနားပါပဲ။ နောက်ပြီးတော့ လှခိုင်ဆရာတော်ကျောင်းဆိုတာကလည်း အစိုးရဧည့်ဂေဟာနဲ့ ဝေးမှ မဝေးတော့တာ။ နောက်ဆုံးတစ်ခုက ထွေအုပ်ဝန်ထမ်းအိမ်ယာ။ ဆိုတော့ကာ ဒါ ဘယ်သူလုပ်တာလဲဆိုတာ ကလေးမေးရင်တောင် သိတယ်လေ”လို့ စစ်တွေဒေသခံက ပြောပါတယ်။
ရဟန်းရှင်လူတွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ယာနဲ့ လုနေရပ်ကွက်ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပစ်ခတ်ခဲ့တဲ့အဖွဲ့ကို ဒေသခံတွေ မကျမနပ်ဖြစ်နေကြတယိလည်း ၎င်းက ဆိုပါတယ်။
လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအတွင်း ရဟန်းသံဃာ၊ ကျောင်းသား၊ ပြည်သူနဲ့ ဝန်းထမ်းတွေရဲ့ ထိခိုက်မှု ရှိ/မရှိကိုတော့ PAN အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။AA အဖွဲ့ဟာ အဆိုပါ လက်နက်ကြီး ၅ လုံးကို တစ်ပြိုင်တည်း ပစ်ခတ်တာမျိုးမဟုတ်ဘဲ ပစ်ခတ်ပြီး အချိန်ခဏစောင့်ကာ နောက်ထပ်ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့ပေါ်က အဓိက နေရာတွေမှာ လက်နက်ကြီး ၅ ချက်ထိ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံတွေမှာ စိုးရိမ်ကြောက်လန့်နေကြကြောင်းလည်း အဆိုပါ စစ်တွေဒေသခံက PAN ကို ပြောပါတယ်၃ နှစ်ကျော် ၄ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ ခံစစ်နဲ့သာ တုန့်ပြန်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ၄၉၂၆ စစ်ဆင်ရေးနဲ့ ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြားမှာ အရှိန်အဟုန်မြှင့် ထိုးစစ်တွေကို ဆင်နွှဲနေတာကြောင့် လတ်တလော ရခိုင်ပြည်နယ်မှာ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှာ MNDAA နဲ့ TNLA တို့ဟာ မြန်မာ့တပ်မတော်နဲ့ ဆွေးနွေးမှုအချို့နဲ့ နားလည်မှူအချို့တွေ ရရှိနေကြတာ ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖွဲ့တည်းသာ ပဲ့ကျန်နေခဲ့တဲ့ AA အနေနဲ့လည်း မြန်မာ့တပ်မတော်ရဲ့ ထိုးစစ်တွေကို အချိန်ဘယ်လောက်ထိ တောင့်ခံပြီး ပြန်လည်တိုက်ခိုက်နိုင်မလဲဆိုတဲ့အပေါ်မှာလည်း စစ်ရေးလေ့လာသူတွေက စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

Telegram – t.me/positiveanglenews
#PAN