ရန်ကုန်တွင် ယနေ့နံနက်နှင့် မွန်းလွဲပိုင်းအတွင်း နေအိမ်နှင့် ကား မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၈ ရက်နေ့တွင် နေအိမ်နှင့် ကားမီးလောင်မှု ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ နံနက် ၃ နာရီ ၅၇ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွှန်ရပ်ကွက်၊ ပင်ရွှေညောင်လမ်းတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ် ၂ ခုနှင့်ပတ်သက်၍ မီးလောင်ရသည့်အကြောင်းရင်းနှင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများကို မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN