
(မိုး/ဇလ) မေ ၇
ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ ယမန်နေ့ မေလ ၆ ရက်နေ့ နေ့လည် ၂ နာရီ ၄၃ မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊အမှတ်(၁၂)ရပ်ကွက်တို့တွင် ဓာတ်တိုင်များပြိုလဲခြင်း၊ သစ်ပင်များအဆောက်အဦများပေါ်သို့ ပိမိခြင်းများ နှင့် လမ်းပိတ်ဆို့ခြင်းများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ််နေရာသို့ လားရှိုးခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။