(မိုးလေဝသ) ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဇွန်လ ၂ရက်နေ့ မွန်းလွဲပိုင်းကစပြီး ချင်းတွင်းမြစ်ရေဟာ အနည်းငယ်ထပ်တိုးနေပေမယ့် စိုးရိမ်ရေအမှတ်ကိုရောက်ဖို့ ၇ ပေကျော်ခန့်လိုသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းတွင်းမြစ်ရေ အနည်းငယ်တိုးလာတဲ့အခြေအနေဟာ အလွန်းအမင်း စိုးရိမ်ရမယ့် အခြေအနေ မဟုတ်ဘူးလို့ ဒေသခံတွေကပြောဆိုထားပြီး လက်ရှိမှာတော့ မိုးက ဆက်လက်ရွာသွန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာသွန်းမှုများပြားခဲ့တာကြောင့် မြစ်ရေတွေကြီးမှုတွေဖြစ်ပွားနေပြီး ရေကြီးရေလျှံမှုတွေနဲအတူ မြေပြိုမှုတွေပါဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံံ – Ko Ohn Lwin
#PAN