မော်လမြိုင်တွင် ဟိုတယ်များ၌ အလှည့်ကျတည်းခိုကာ ဆိုင်ကယ်ခိုးယူနေသည့်အဖွဲ့ ဖမ်းဆီးရမိ၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိ

(မှုခင်း) နိုဝင်ဘာ ၁၃

မော်လမြိုင်မြို့တွင် ဟိုတယ်များ၌ အလှည့်ကျတည်းခိုနေထိုင်ပြီး ဆိုင်ကယ်များ လိုက်လံခိုးယူနေသည့် အဖွဲ့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါအဖွဲ့၏ အဓိကတရားခံဟုဆိုသူမှာ ယခင်က လှည်းကူးမြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသူဖြစ်ပြီး ထောင်မှလွတ်မြောက်လာပြီးနောက် မော်လမြိုင်မြို့သို့ ရောက်ရှိလာကာ ဟိုတယ်တစ်ခုစီတွင် ၁၀ ရက်ခန့်စီ အလှည့်ကျပြောင်းရွှေ့တည်းခို၍ ဆိုင်ကယ်များ ဆက်တိုက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် မော်လမြိုင်ဒေသခံ ဆိုင်ကယ်သူခိုးများနှင့် ခိုးရာပါပစ္စည်းများ လက်ခံဝယ်ယူသူများကို ချိတ်ဆက်ကာ ဆိုင်ကယ်ခိုးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းအဖွဲ့ကို မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲအုပ် အောင်မင်းကြည် ဦးစီးသည့်အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပါဝင်ပတ်သက်သူများနှင့် ဆက်စပ်ကွင်းဆက်များကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိသည်။ဖမ်းဆီးစစ်ဆေးမှုအတွင်း ခိုးယူထားသည့် ဆိုင်ကယ် ၂ စီးကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN