(ပြည်တွင်း) ဇွန် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာက နေအိမ်တွေကို PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ညောင်ရွှေမြို့နယ်အတွင်းမှာ လုံခြုံရေးလုပ်ဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်တွေဟာ မတ်လ ၂ ရက်နေ့ညနေပိုင်းက ဘုရားတောင်ကျေးရွာအနီးကိုအရောက်မှာ KNDF နဲ့ PDF အကြမ်းဖက်သမားတွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

KNDF နဲ့ PDF အဖွဲ့တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကိုခုခံနိုင်ခြင်းမရှိတော့တာကြောင့် ထိတွေ့တိုက်ပွဲအတွင်းက လွတ်လပ်စွာ ဆုတ်ခွာထွက်ပြေးနိုင်ဖို့ ကျေးရွာအတွင်းက အပြစ်မဲ့ ပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ကျေးရွာရဲ့ တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
#PAN