(ပြည်တွင်းး) ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြား)တွင် ယနေ့နံနက်၃နာရီခွဲအချိန်ခန့်က Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ခရီးသည်ယာဥ်တိမ်းမှောက်သည့်နေရာသို့ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ခရီးသည် (၆)ဦးသေဆုံးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးတို့အား ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။


#PAN