PDF  ထောင်ထားတဲ့ ပေါက်-ပခုက္ကူလမ်းပိုင်းပေါ်က ဖျက်အားပြင်းမိုင်းတွေကို လုံခြုံရေးအဖွဲ့တွေက ဖယ်ရှား

(ပြည်တွင်း) ဇွန် ၂

ပခုက္ကူမြို့နယ်အတွင်းမှာရှိတဲ့ ပေါက်-ပခုက္ကူလမ်းပိုင်းပေါ်မှာ PDF အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေကို လုံခြုံရေးတိပ်ဖွဲ့တွေက ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ နယ်အတွင်းက အများပြည်သူတွေ သွားလာအသုံးပြုလျက်နေတဲ့ လမ်တွေပေါ်မှာ လက်လုပ်မိုင်းတွေကို တွေ့ရှိရတယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ကားလမ်းမဘေးတစ်လျှောက်မှာ PDF အမည်ခံအကြမ်းဖက်သမားတွေ ထောင်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း(ပေပါမိုင်း၊ ရှေ့ထွက်မိုင်း)တွေကို တွေ့ရှိတဲ့အတွက် အများပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေဖို့ စနစ်တကျဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

PDF .. အမည်ခံအကြမ်းဖက်သမားတွေဟာ အများပြည်သူတွေ အထိတ် တလန့်ဖြစ်စေဖို့ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုတွေကို နှောင့်ယှက်ဖို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ အခက်အခဲတွေ ဖြစ်ပေါ် စေဖို့နဲ့ အကြောက်တရားတွေ ပိုမိုဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး မြို့၊ ရွာ၊ ရပ်ကွက်တွေ ကျေးရွာတွေ လမ်း၊ တံတားတွေမှာ မိုင်းထောင်ဖောက်ခွဲခြင်းတာတွေကို လုပ်ဆောင်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

#PAN