ပဌာန်းရွက်ဖတ်ပူဇော်ပွဲအတွက် အစည်းဝေးလုပ်နေစဥ် အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်

(မှုခင်း) ဇွန် ၂

မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ်၊ဂန့်ဂါရပ်ကွက်ရှိ ဓမ္မာရုံ၌ ပဌာန်းရွက်ဖတ်ပူဇော်ပွဲအတွက် အစည်းဝေးလုပ်နေစဥ် အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့်ဝင်ရောက် ပစ်ခတ်သွားကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယနေ့ ၂နာရီ၅၀မိနစ် အချိန်ခန့်တွင် ဂန့်ဂါရပ်ကွက်ဓမ္မာရုံ၌ ရပ်ကွက်နေ အုပ်ချုပ်ရေးမှုး ဦးဇော်ဇော်(ခ)ဦးမြင့်ဇော်ပါ ၁၅ဦးခန့်သည်  (၁၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲအတွက် အလှုငွေကောက်ခံရန်  အစည်းအဝေးပြုလုပ်နေစဉ် အကြမ်းဖက် PDF ၁၅ဦးခန့်သည် ဂန့်ဂါရပ်ကွက်၏တောင်ဘက် ၁ မိုင်ခန့်အကွာ၊ညောင်လှကျေးရွာဘက်မှ ထော်လာဂျီ ၁စီး၊ဆိုင်ကယ် ၂စီးဖြင့် သေနတ်များ ကိုင်ဆောင်ရောက်ရှိလာကာ အစည်းအဝေးပြုလုပ်နေသည့် ဓမ္မာရုံအတွင်းသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး  အကြမ်းဖက် PDF များသည် လာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါဝင် ရပ်မိရပ်ဖ ၇ ဦးသေဆုံးခဲ့ပြီး ၆ဦး သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အကြမ်းဖက် PDF များ ထွက်ပြေးရာဘက်သို့ လုံခြုံရေးစစ်ကြောင်းများမှ လိုက်လံပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။။

#PAN