(အားကစား) ဧပြီ ၂၉

၂၀၂၆ ယူ-၂၀ အမျိုးသမီးအာရှဖလားပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်အတွက် မဲခွဲပွဲပြုလုပ်ခဲ့ရာ မြန်မာ ယူ-၂၀ အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု(D) မှာ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တာ့ခ်မင်နစ္စတန်အသင်း တို့နဲ့အတူ ကျရောက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါခြေစစ်ပွဲကို သြဂုတ်လ ၂ ရက်မှ ၁၀ ရက်အထိ ကျင်းပမှာဖြစ်ပြီး အသင်းပေါင်း ၃၃ သင်း ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ခြေစစ်ပွဲကို ၄ သင်း ၇ အုပ်စုနှင့် ၅ သင်း တစ်အုပ်စုခွဲ၍ ကျင်းပမှာဖြစ်ပြီး အုပ်စု ၈ ခုမှ ထိပ်ဆုံး ၈ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး ၃ သင်း၊ စုစုပေါင်း ၁၁ သင်းသာ ခြေစစ်ပွဲအောင်မြင် မှာဖြစ်ပါတယ်။
၂၀၂၆ ယူ-၂၀ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲကို ဘူတန်၊ ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မြန်မာ၊ တရုတ်၊ မလေးရှား၊ ဥဇဘက်ကစ္စတန်နှင့် လာအိုနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews