ပရီးမီးယားလိဂ် လက်ကျန် ၄ ပွဲအလိုမှာပဲ တန်းဆင်းမယ့်အသင်းများ အဖြေထွက်ပေါ်


(အားကစား) ဧပြီ ၂၉

ပြီးခဲ့တဲ့တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ ပွဲစဉ်များယှဉ်ပြိုင်လို့အပြီးမှာ တန်းဆင်းရမယ့်အသင်းများ ထွက်ပေါ်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဧပြီလ ၂၆ ရက်က ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ် ၃၄ မှာ အစ်ဝစ်ချ်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ယခုရာသီ တန်းဆင်း ၃ သင်းလုံး ထွက်ပေါ်သွားခဲ့ခြင်းဖြစ်ပါတယ်။

အစ်ဝစ်ချ်အသင်းအနေနဲ့ လက်ကျန် ၄ ပွဲအလိုမှာ အဆင့်(၁၇)နေရာမှ ဝက်စ်ဟမ်းအသင်းနှင့် ၁၅ မှတ် ပြတ်သွားခဲ့ပြီဖြစ်တာကြောင့် တန်းဆင်းရရန် သေချာသွားပြီဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းက ပွဲစဉ် ၃၁ နဲ့ လက်စတာအသင်းက ပွဲစဉ် ၃၃ ပြီးကတည်းက တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN