ပထမဆုံးထိုးသတ်မယ့် MMA ပွဲစဉ်မှာ ဆွာရက်ဇ် နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့တဲ့ အီဗရာ


(အားကစား) ဧပြီ ၂၉

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟောင်း အီဗရာ က ပထမဆုံးထိုးသတ်မည့် MMA ပွဲစဉ်မှာ တစ်ချိန်က ဘောလုံးကစားသမားဘဝမှာ ပြဿနာဖြစ်ခဲ့ဖူးတဲ့ ဆွာရက်ဇ် နဲ့ယှဉ်ပြိုင်လိုကြောင်း စိန်ခေါ်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ အီဗရာ က လာမယ့် မေလ ၂၃ ရက်မှာ ကျင်းပမယ့် PFL Europe Paris ပြိုင်ပွဲမှာ ပထမဆုံး MMA ပွဲစဉ်ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

ပါရီမြို့ရှိ Accor Arena မှာ မေလ ၂၃ ရက်မှာကျင်းပမည့် PFL ပြိုင်ပွဲအတွက် အီဗရာ ရဲ့ပြိုင်ဘက်ကို မသိရသေးပေမယ့် ၎င်းက ပရီးမီးယားလိဂ်မှာကစားစဉ် လူမျိုးရေးခွဲခြားမှု ပြဿနာ ဖြစ်ခဲ့ဖူးတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် နှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN