(အားကစား) ဧပြီ ၂၉

မန်ယူအသင်းက ဂါလာတာစာရေးအသင်း၌ အငှားသွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန် ကို လာမည့်နွေရာသီတွင်ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ ပါတယ်။
အသက် ၂၆ နှစ်အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်မှူး အိုဆင်မန် ဟာ လက်ရှိတွင် ဂါလာတာစာရေး အသင်း၌ တစ်ရာသီအငှားဖြင့်ကစားနေပြီး ၎င်း၏စာချုပ် လျော်ကြေးမှာ အီတလီပြင်ပ ကလပ်အသင်းများအတွက် ပေါင် ၆၃ သန်းဖြစ်ကြောင်း သိရပါတယ်။
အိုဆင်မန် ကို အာဆင်နယ်၊ ဂျူဗင်တပ်၊ ဘာစီလိုနာ ကဲ့သို့ ဥရောပထိပ်တန်းအသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေခဲ့ပြီး ယခုအခါ မန်ယူအသင်းက ၎င်းကိုခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။
နာပိုလီအသင်းကလည်း အသင်းနဲ့ ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အိုဆင်မန် အား ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိလို့ လာမည့် နွေရာသီတွင် မဖြစ်မနေရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews