(နိုင်ငံတကာ) ဧပြီ ၂၉

ဥရောပနိုင်ငံအချို့ဖြစ်သည့် စပိန်၊ ပေါ်တူဂီနှင့်ပြင်သစ်နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ၈ နာရီကြာ ပြတ်တောက်ခဲ့ကြောင်းသိရသည်။
စပိန်နှင့်ပေါ်တူဂီနိုင်ငံများက ၈ နာရီကြာပြတ်တောက်ခဲ့သော်လည်း ပြင်သစ်နိုင်ငံမှာ အချိန်ပိုင်းသာ ပြတ်တောက်ခဲ့ကြောင်းသိရသည်။
လျှပ်စစ်ပြတ်တောက်မှုဖြစ်ပွားချိန်တွင် နှစ်နိုင်ငံတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးများနှင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်းသွားခဲ့ပြီး ဆေးရုံများလည်း ပုံမှန်လည်ပတ်မှု ရပ်ဆိုင်းခဲ့ရသည်။
စပိန်ပြည်ထဲရေးဝန်ကြီးဌာနက လျှပ်စစ်မီးပြတ်တောက်မှုကြောင့် နိုင်ငံတဝှမ်း အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နှစ်နိုင်ငံအစိုးရအဖွဲ့များအကြား အရေးပေါ်အစည်းအဝေး တရပ်ကျင်းပခဲ့ရကြောင်းသိရသည်။
ပေါ်တူဂီဝန်ကြီးချုပ် လူဝစ်မွန်တီနီဂရိုးက မီးပြတ်သည့်အခြေအနေအား ပြောကြားရာတွင် ဆိုင်ဘာတိုက်ခိုက်ခံရသည့် အရပ်အယောင်မမြင်ရကြောင်း မီးပြတ်ချိန် နှစ်နိုင်ငံအစိုးရများမှ ရဲတပ်ဖွဲ့ဝင် သောင်းနှင့်ချီ နိုင်ငံအနှံ့ဖြန့်ကျက်ချထားခဲ့ကြောင်း သိရသည်။
ဥရောပနိုင်ငံများတွင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိခဲ့ပဲ ယခုအခါ ၈ နာရီကြာပြတ်တောက်ပြီးနောက် နိုင်ငံ၏ နေရာအချို့တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနေပြီဖြစ်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews