ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှထာဝရငြိမ်းချမ်းရေးဆီသို့ခေါင်းစဥ်နဲ့ စကားဝိုင်းပြုလုပ်

(ပြည်တွင်း) ဧပြီ ၂၉

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှထာဝရငြိမ်းချမ်းရေးဆီသို့ခေါင်းစဥ်နဲ့ စကားဝိုင်းတစ်ခုကို ဧပြီ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel မှာပြုလုပ်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီစတဲ့ ပါတီ ၄ ပါတီကဦးဆောင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

စကားဝိုင်းကို ရန်ကုန်မြို့ကစိတ်ဝင်စားသူတွေ အသင်းအဖွဲ့တွေ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာတွေစတဲ့တက်ရောက်နားထောင်ခဲ့ကြပါတယ်။

#PAN