(အားကစား) ဧပြီ ၂၈

လီဗာပူးလ်အသင်း တိုက်စစ်ကစားသမား ဆာလတ် က စပါးအသင်းနှင့်ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုးသွင်းယူခဲ့ ပြီးနောက် လိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးစာရင်းမှာ မန်စီးတီးတိုက်စစ်မှူးဟောင်း အဂူရို ကိုကျော်ဖြတ်နိုင်ခဲ့ ပါတယ်။
ဆာလတ် အနေနဲ့ ၁၈၅ ဂိုး ရှိလာပြီး အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဆာလတ် ယခုရာသီအတွင်း အဆင့် ၄ နေရာမှ အန်ဒီကိုးလ် ရဲ့ သွင်းဂိုး ၁၈၇ ဂိုးကိုလည်း ကျော်ဖြတ်ရန် အခြေအနေကောင်းနေခဲ့ပါတယ်။
လက်ရှိရာသီမှာ ဆာလတ် ဟာ လီဗာပူးလ်အသင်းအတွက် ၃၄ ပွဲမှာ သွင်းဂိုး ၂၈ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိ ပြုလုပ်ထားကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးနှင့် ဂိုးဖန်တီးမှု အများဆုံးကစားသမား အဖြစ် ရပ်တည်နေပါတယ်။
Telegram»…
https://t.me/positiveanglenews