(အားကစား) ဧပြီ ၂၈

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းက ရီးရဲလ်အသင်းကို အချိန်ပိုမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲမှာ အဓိကပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်အသင်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၈ မိနစ်မှာ ပတ်ဒရီ၊ ပွဲချိန် ၈၄ မိနစ်မှာ ဖာရန်တောရက်စ် တို့က သွင်းယူပေးခဲ့ကြပြီး ရီးရဲလ်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၇၀ မိနစ်မှာ ဘာပေ၊ ပွဲချိန် ၇၇ မိနစ် ချူယာမန်နီ တို့က သွင်းယူပေးခဲ့တာကြောင့် ပွဲချိန်အတွင်း သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် အချိန်ပို ဆက်လက်ကစားခဲ့ကြပြီး ဘာစီလိုနာအသင်အတွက် အနိုင်ဂိုးကိုတော့ ခွန်ဒေး က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းဟာ စပိန်ဘုရင့်ဖလားကို (၃၂) ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews