စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ဖလားလက်ခံရယူခဲ့တဲ့ လီဗာပူးလ်အသင်း


(အားကစား) ဧပြီ ၂၈

ဧပြီလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ မှာ လီဗာပူးလ်အသင်းက စပါးအသင်းကို ၅ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီးနောက် ၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်ခံရယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခြင်းဖြစ်ပြီး အင်္ဂလန်အမှတ်ပေး ချန်ပီယံဆုကို အကြိမ် ၂၀ မြောက်ရယူနိုင်ခဲ့တာကြောင့် မန်ယူအသင်းရဲ့ အင်္ဂလန်အမှတ်ပေး ချန်ပီယံဆု အများဆုံးရရှိတဲ့ စံချိန်နှင့်လည်း တူညီသွားခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အာနယ်ဆလော့ အပါအဝင် နည်းပြအဖွဲ့ဝင်များနှင့်အတူ လီဗာပူးလ်ကစားသမားများက စပါးအသင်း နှင့်ပွဲအပြီး အန်ဖီးလ်ကွင်းအတွင်းမှာ အောင်ပွဲခံမှုများ ပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင့် လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ က ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပထမဆုံးရာသီမှာ အမှတ်ပေးချန်ပီယံဆု ဆွတ်ခူးနိုင်တဲ့ ပဉ္စမမြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN