သီတဂူဆရာတော်ကြီးထံ မိုင်းဖုန်းဆရာတော်ကြီးက အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း


(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများ ပြုပြင်မွမ်းမံရန်နှင့် ငလျင်ဘေးခံစားခဲ့ရတဲ့ ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့်ဒကာ၊ ဒကာမများမှ ဧပြီလ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း ၃၃၀ ၊ ရိက္ခာထုတ် ၅၀၀ ၊ ဆန်အိတ် ၂၅၀ အိတ်၊ ဆီ ၃ ပိဿာပုံး ၂၅၀ ပုံးနှင့် ဖိနပ်အရံ ၃၀၀ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

သီတဂူ ဆရာတော်ကြီးက ဧပြီလ ၂၁ ရက်နံနက်ပိုင်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ကောင်းမှုတော်စေတီတော်ကြီးကို လှည့်လည်ကြည့်ရှုတော်မူခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN