(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့ မဟာမုနိဘုရားကြီးအပါအဝင် ငလျင်ဒဏ်သင့်ဒေသ များအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌမှ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ များသို့ ဧပြီလ ၂၁ ရက်ကသွားရောက်ကာ မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန် အလှူငွေကျပ်သိန်း ၁၀၀၊ ဗြဟ္မစိုရ်ပရဟိတအသင်းကို ကျပ်သိန်း ၁၂ဝ၊ ကိုးကန့်ဗုဒ္ဓဘာသာကျောင်းကို ကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ စစ်ကိုင်းမြို့ရှိ သာသနိကအဆောက်အဦများ၊ ဘုရားစေတီ များ၊ စစ်ကိုင်းတောင်ရိုး သီတဂူသာသနာပြု အဆောက်အဦ တို့ကိုကြည့်ရှု၍ ဘက်စုံပြုပြင်မွန်းမံမှုများပြုလုပ်နိုင်ရန် သီတဂူဆရာတော်ကြီးထံသို့ အလှူငွေကျပ် ၃၈၄ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews