(နိုင်ငံတကာ) ဧပြီ ၂၂

ရိုမန်ကက်သလစ်ဘုရားရှိခိုးကျောင်းအတွက် ပထမဆုံးသောလက်တင်အမေရိကမှ ခေါင်းဆောင်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသက် ၈၈ နှစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဗာတီကန်နိုင်ငံက ဧပြီလ ၂၁ ရက်တွင် အသိပေးထုတ်ပြန်သည်။
အမည်ရင်း ဂျော့မာရီယိုဘာဂိုဂလီယိုဟု အမည်တွင်သည့် ပုပ်ရဟန်းမင်းကြီး လောင်းလျာကို ၁၉၃၆ ခုနှစ်တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ရိုမန်ကက် သလစ်ဘုရားရှိခိုးကျောင်း၏ အကြီးအကဲဖြစ်လာခြင်း ဖြစ်သည်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကွယ်လွန်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးမှခေါင်းဆောင်များက ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့သည်။
ပုပ်ရဟန်းမင်းကြီးသည် အဆုတ်ရောင်ရောဂါဖြင့် ၃၈ ရက်ကြာ ဆေးရုံတက်နေရာမှ မတ်လ ၂၃ ရက်တွင် ဆေးရုံမှဆင်းပြီးနောက် ယခုကဲ့သို့မကွယ်လွန်မီ တစ်ရက်အလိုတွင် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာပြီး ဧည့်ပရိသတ်များအား ကောင်းချီးများပေးခဲ့ကြောင်း TST သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews